ကြားဖြတ် ရွေးကောက်ပွဲ အတွက် လွတ်လပ်စွာ မဲဆွယ်စည်းရုံးမှုကို အာဏာပိုင် တချို့က ကန့်သတ်နေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ မန်နေဂျာ ဦးဉာဏ်ဝင်းက ပြောဆိုလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည် လှည်းကူးတွင် ဟောပြောရေးအတွက် ဘောလုံးကွင်း ငှားရာတွင် အထစ်အငေါ့ ဖြစ်ခဲ့ခြင်း၊ ကချင်ပြည်နယ် ခရီးစဉ်ကို လုံခြုံရေး အကြောင်းပြပြီး ကျင်းပခွင့်ပိတ်ပင်ခြင်း၊ ကြံ့ခိုင်ရေးပါတီက ပုဂ္ဂိုလ်ရေးတိုက်ခိုက် ပုတ်ခတ် ပြောဆိုခြင်းများကို ဦးဉာဏ်ဝင်းက ယနေ့ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။ ထိုကန့်သတ်မှု များကြောင့် လွပ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ခက်ခဲလာသည်ဟုလည်း ဦးဉာဏ်ဝင်းက ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။