အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က နေပြည်တော်တွင် သမ္မတ ဦး သိန်းစိန် အပါအဝင် အစိုးရအဖွဲ့ဝင်များနှင့်တွေ့ဆုံသည်။ ပြည်တွင်း နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုများနှင့် ဒေသတွင်း ဆက်လက် ပူးပေါင်းဆောင်ရွက်ဖွယ်ရာ လုပ်ငန်းစဉ်များကို ဆွေးနွေးကြကြောင်း အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။ အဆိုပါ အဖွဲ့သည် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ ဖိတ်ကြားချက်ဖြင့် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။