၂၀၁၀ ပြည့်နှစ် သင်္ကြန်ကာလ ရန်ကုန်မြို့ရှိ X2Oသင်္ကြန်မဏ္ဍပ် ဗုံးကွဲမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသည့် ကိုဖြိုးဝေအောင်နှင့် ၎င်း၏ ရှေ့နေ နှစ်ဦးကို တရားရုံး မထေမဲ့မြင်ပြုမှုနှင့် ယမန်နေ့က အရေးယူလိုက်ကြောင်း သိရသည်။ အစိုးရဘက်က တရားလိုပြ သက်သေများ၏ ထွက်ဆိုချက်များကို ကြိုတင်ယူထားမှုနှင့် ပတ်သက်ပြီး ကိုဖြိုးဝေအောင်၏ ချေပထွက် ဆိုမှုအပေါ် ထိုသို့ အရေး ယူခံရခြင်း ဖြစ်သည်ဟု ဆိုသည်။ ၂၀၁၀ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့က X2Oမဏ္ဍပ်၌ ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲသဖြင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများ ရှိခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။