ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များသည် ယမန်နေ့က ဧရာတီတိုင်း ဟင်္သာတ မြို့သို့ သွားရောက်၍ လူထုနှင့်တွေ့ဆုံ မိတ်ဆက်ပွဲပြုလုပ်သည်။ ယင်းတွေ့ဆုံပွဲကို ဒေသခံ ဒီမိုကရေစီ အင်အားစုများနှင့် လူငယ်များက ဦးဆောင်၍ ဟင်္သာတမြို့ ပြည်လုံးချမ်းသာဘုရားဝင်း အစည်းအဝေး ခန်းမ၌ ကျင်းပရာ သောင်းနှင်ချီသည့် လူထုက ကြိုဆို တက် ရောက်ကြကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။