မြန်မာအစိုးရ၏ လုပ်ဆောင်မှု အားလုံးသည် ၂၀၁၄ ခုနှစ်တွင် တာဝန်ယူခွင့်ရမည့် အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌနေရာနှင့် ထိုက်တန်ကြောင်း ပြသရမည်ဟု အာဆီယံ အထွေအထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင် ပစ်ဆူဝမ်က ယနေ့နံနက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ပြောဆိုလိုက်သည်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် လေ့လာစောင့်ကြည့်သူများ လာရောက်ခွင့်ပေးရန် အထူးအလေးပေး စဉ်းစားမည်ဟု သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့သော်လည်း မည်သည့်အချိန်တွင် လာရောက်ခွင့်ပြုမည် ဆိုသည်ကို မသိရသေးကြောင်း ဒေါက်တာ ဆူရင် ပစ်ဆူဝမ်က ပြောဆိုသည်ဟု Eleven Media Group ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။