ဗုဒ္ဓသာသနာ ၂၆၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ရွှေတိဂုံ စေတီ၌ ဗုဒ္ဓပူဇနိယ ပွဲတော်ကို ယနေ့မှ စတင်၍ ၁၅ ရက်ကြာ ကျင်းပမည်ဖြစ်သည်။ ယနေ့ နံနက်က ပွဲတော် ဖွင့်ပွဲကို နိုင်ငံတော် သံဃ မဟာနာယက ဆရာတော်ကြီးများ၊ သာသနာရေး ဝန်ကြီး ဦးမြင့်မောင်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ တို့ တက်ရောက် ဖွင့်လှစ်သည်။ ပွဲတော်တွင် တရားပွဲများအပြင် ပဒေ သာ ကပွဲ၊ ရုပ်သေး၊ ရုပ်ရှင် စသည့် ပျော်ပွဲ ရွှင်ပွဲများနှင့် ရွှေတိဂုံသမိုင်း ပြကွက်များ ပါဝင်ကြောင်း သိရသည်။ ရွှေတိဂုံစေတီတွင် ယခုကဲ့သို့ ကြီးမားစည်ကားသည့် ပွဲတော် ကျင်းပခွင့်မရသည်မှာ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှစ၍ နှစ်ပေါင်း ၂၀ ကျော် ရှိပြီ ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။