၂၀၁၁ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် အထိ တိုင်းနှင့် ပြည်နယ် အလိုက် ဘိန်းခင်း စုစုပေါင်း ၅၅၄၂၉ ဧက ကျော် ဖျက်ဆီးပြီးကြောင်း အစိုးရက ထုတ်ပြန် လိုက်သည်။ ယင်း ဘိန်းခင်း အများစုမှာ ရှမ်းပြည်နယ် နှင့် မကွေးတိုင်း ဒေသများမှ ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာ တွင် ဖော်ပြထား သည်။ ကမ္ဘာ့ ကုလ သမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ တိုက်ဖျက်ရေး ရုံး(UNODC) ၏ အစီရင်ခံစာ၌ မြန်မာနိုင်ငံ၏ ဘိန်းစိုက် ပျိုးမှုသည် လွန်ခဲ့သည့် ၅ နှစ်အတွင်း၂ဆ ခန့် တိုးမြင့် လာကြောင်း၊၂၀၁၁ ခုနှစ် တနှစ်အတွင်း ဘိန်း တန်ချိန် ၆၁၀ ထုတ်လုပ်ခဲ့ကြောင်း၊ အာဖဂန်နစ္စတန် နိုင်ငံပြီးလျင် ကမ္ဘာ့ အကြီးဆုံး ဘိန်းစိုက်ပျိုး ထုတ်လုပ် သည့် နိုင်ငံ ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။