အကျဉ်းထောင်များအတွင်း ဆက်လက်ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများကို ကူညီထောက်ပံ့နိုင်ရေးအတွက် လွတ်မြောက်ပြီး နိုင်ငံရေးအကျဉ်းသားများက စည်းချက်ညီ ရန်ပုံငွေဈေးရောင်းချမှုကို ရွှေတိဂုံဘုရားပွဲဈေးတွင် ယမန်နေ့မှ စတင် ရောင်းချနေကြောင်း သတင်းရရှိသည်။ နိုင်ငံရေးအကျဉ်းသားများအတွက် ဆေးဝါး၊ အစားအစာ၊ အသုံးအဆောင်ပစ္စည်းများ အကူအညီပေးရန် ဈေးရောင်းပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းတဦးဖြစ်သူ ကိုမင်းဟန်က ပြောသည်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို အစရှိ သူတို့က စာအုပ်များ လာရောက်ဝယ်ယူ၍ လက်မှတ်ထိုးကာ နိုင်ငံရေးအကျဉ်းသားများအတွက် လှူဒါန်းသွားခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။