တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့တွင် မြန်မာရွှေ့ပြောင်းအမျိုးသမီးလုပ်သားများ ခေါင်းပုံဖြတ်ခံနေရသော လုပ်ငန်းခွင်အခြေအနေနှင့် တရားဥပဒေပိုင်းဆိုင်ရာ အကာအကွယ်မဲ့သော အခြေအနေများကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က လေ့လာ၍ အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။ ရွှေလီမြို့တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁ သိန်းကျော် ရှိကြောင်း၊ လိင်ဖျော်ဖြေရေး၊ အိမ်ဖော်၊ ဈေးရောင်း၊ ဆောက်လုပ်ရေးနှင့် စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်နေရကြောင်း၊ တရုတ်အာဏာပိုင်များအနေဖြင့် မြန်မာ အမျိုးသမီးအလုပ်သမားများ၏ အခွင့်အရေးအကာအကွယ်ပေးရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။