ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းဖျန် ဒုက္ခသည် စခန်း၌ ယနေ့နံနက် ၁၁ နာရီခန့်က စတင်၍ မီးလောင်ရာ ရပ်ကွက် ၄ ခု မှ အိမ်ခြေ ၁၀၀၀ ခန့် လောင်ကျွမ်း ခံနေရကြောင်း သိရသည်။ ရပ်ကွက် ၉ မှ စတင်လောင်ကျွမ်းခြင်း ဖြစ်ပြီး ရပ်ကွက် ၆ ၊ ၇ ၊ ၈ များကိုပါ ကူး စက်ခြင်း ဖြစ်သည်ဟု အုန်းဖျန်မှ လာသော သတင်းများက ဆိုသည်။ လူ အသေအပျောက် ရှိသော်လည်း အတိအကျ မသိရ သေးကြောင်း၊ မီးသည် ရပ်ကွက် ၁၀ ကိုပါ ကူးစက်နေပြီဖြစ် ကြောင်းလည်း သိရသည်။ အုန်းဖျန်စခန်း၌ ရပ်ကွက် ၁၆ ရပ်ကွက်ရှိပြီး မြန်မာနိုင်ငံမှ ဒုက္ခသည် ၂၀၀၀၀ ခန့် နေထိုင်လျက် ရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။