ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်အမှုအတွက် အင်းစိန် လက်ရှိ ထောင်ပိုင်နှင့် အငြိမ်းစား ထောင်ပိုင်တို့ကို တရားခံပြသက်သေအဖြစ် ဆင့်ခေါ်ပေးမည်ဟု တရားရုံးက ဆုံးဖြတ် လိုက်ကြောင်း ပဒိုမန်းငြိမ်းမောင်၏ ရှေ့နေ ဦးကြီးမြင့်က ပြောသည်။ သမ္မတ၏ ငြိမ်းချမ်းရေး အထူးကိုယ်စားလှယ် ဦးအောင်မင်းအပါအဝင် ၈ ဦးအား တရားခံပြ သက်သေအဖြစ် ဆင့်ခေါ်ပေးရန် လျှောက်ထားခဲ့ရာ ၎င်းတို့အနက် နှစ်ဦးကိုသာ ဆင့်ခေါ်ပေးရန် တရားရုံးက ယမန်နေ့တွင် ဆုံးဖြတ်ခဲ့သည်။ ပဒိုမန်းငြိမ်းမောင် အမှုအား ယမန်နေ့ နေ့လည်ပိုင်းက ကြားနာခဲ့ပြီး မတ်လ ၁ ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုခဲ့သည်။ တရားရုံးက ဆင့်ခေါ်ပေးမည့် ထောင်ပိုင်များမှာ ပဒိုမန်းငြိမ်းမောင်က ငြိမ်းချမ်းရေးအတွက် အစိုးရကို အကူအညီပေးခဲ့ကြောင်း သက်သေခံနိုင်သူများ ဖြစ်သည်ဟု ဦးကြီးမြင့်က ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။