ဂျပန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ၂၅ နှစ်ကြာ ရပ်ဆိုင်းထားခဲ့သော ချေးငွေပေးရေး အစီအစဉ်ကို ပြန်လည်စတင်တော့မည်ဟု ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါက ကြေညာကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ဆိပ်ကမ်းများ၊ မီးရထားများကဲ့သို့သော အခြေခံအဆောက်အဦများ အကောင်အထည်ဖော်ရေးအတွက် လာမည့် ဧပြီလ ထိပ်သီးဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံက ချေးငွေပေးရေး ပြန်စတင်ရန် မြန်မာနှင့် သဘောတူညီချက် ရမည်ဟု မျှော်လင့်ကြောင်း နီခဲအိသတင်းစာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။