ပြည်သူ့လွှတ်တော် ဥက္ကဌ ဦရွှေမန်း နှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ အမျိုးသား ပြည်သူ့ ကွန်ဂရက် ဥက္ကဌ မစ္စတာ ဝူဘန်ကို နှင့် ဖေဖော်ဝါရီ၂၄ ရက်က ဘေဂျင်းမြို့တွင် တွေ့ဆုံကြောင်း သိရသည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့် ပတ်သက်၍ အမြဲတမ်း မှန် ကန်စွာ ရပ်တည်ပေးမှုအတွက် ကျေးဇူးတင်ကြောင်း ဦးရွှေမန်းက ပြောကြားပြီး မစ္စတာ ဝူဘန်ကို က နှစ်နိုင်ငံ စီးပွားကုန်သွယ်မှု တိုးတက်လျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံ စက်မှု ထွန်းကားရေး အလေးပေး ဆောင်ရွက်မည်ဟု ပြောကြားကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။