ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ဦးဆောင် ညွှန်ကြားရေးမှူးနှင့် အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်သည် ပြည်တွင်း မီဒီယာ ဖွံ့ဖြိုးအခြေအနေနှင့် DVB ပြည်တွင်း၌ ဝင်ရောက် လုပ်ကိုင်ရန် အခြေအနေများကို လေ့လာရန် မြန်မာနိုင်ငံသို့ ယနေ့နံနက်က ရောက်ရှိလာသည်။ ဦးအေးချမ်းနိုင်သည် မြန်မာနိုင်ငံတွင် ၅ ရက်ကြာ နေထိုင်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း ပြန်ကြားရေးဝန်ကြီး၊ ဆက်သွယ်ရေး ဝန်ကြီးအပါအဝင် အစိုးရအဖွဲ့ဝင်များ၊ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်တွင်းပြည်ပ သတင်းထောက်များ၊ ဝါရင့် စာရေးဆရာကြီးများနှင့် တွေ့ဆုံမည်ဟု သိရသည်။ မြန်မာပြည်မှ ထွက်ခွာလာပြီးနောက် အနှစ် ၂၀ အတွင်း ဦးအေးချမ်းနိုင်၏ ပထမဆုံးအကြိမ် မြန်မာပြည် ခရီးစဉ် ဖြစ်ကြောင်းလည်း သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။