ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေးပါတီ)က လုပ်ကိုင်နေသော လမ်းခင်းခြင်း၊ လျှပ်စစ်မီးသွယ်တန်းပေးခြင်း အပါအဝင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များတွင် ယာယီရပ်နားလိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီမှ တာဝန်ရှိသူတဦးက ပြောသည်။ ထိုလုပ်ငန်းများနှင့် မဲဆွယ်စည်းရုံးရေးလုပ်သည်ဟု ပြောဆိုထင်မြင် မခံရစေရန် နှင့် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေကို လိုက်နာသောအားဖြင့် ရပ်နားလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။