မြန်မာပြည်တွင်း၌ လက်ရှိ ချင်းပြည်နယ်နေ့ အဖြစ်ကျင်းပနေရသည့် နှစ်စဉ် ဖေဖော်ဝါရီလ၂၀ ရက်နေ့အား ချင်းအမျိုးသားနေ့ အနေ နှင့် ကျင်းပခွင့်ပြုရန် ချင်းအမျိုးသားပါတီ(CNP)၏ အဆိုကို ပြည်နယ် လွှတ်တော်က ပယ်ချကြောင်း သိရသည်။ ချင်း ပြည် နယ် ဟားခါးမြို့တွင် ဖေဖော်ဝါရီ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပသော လွှတ်တော် အစည်းအဝေး၌ လွှတ်တော်ရေးရာ ကော်မတီ က လွှတ်တော်အတွင်း ဆွေးနွေးခွင့်မပေးဘဲ ပယ်ချခဲ့ကြောင်း CNP ပါတီ က ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။