• English
Friday, June 20, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သမ္မတရုံး ဘတ်ဂျက်လျှော့ချရေး လွှတ်တော်၌ ဆွေးနွေးမည်

by ခင်ဦးသာ
28 February 2012
in သတင်း
A A
သမ္မတရုံး ဘတ်ဂျက်လျှော့ချရေး လွှတ်တော်၌ ဆွေးနွေးမည်

လွှတ်တော်မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)

1.1k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတော်သမ္မတ ရုံး၏ ၂၀၁၂ – ၂၀၁၃ ဘဏ္ဍာရေးနှစ် အတွက် အသုံးပြုမည့် ကျပ်ဘီလီယံ ၆၀၀ ကျော် ဘတ်ဂျက်ငွေ ကန့်သတ် လျှော့ချနိုင်ရေးနှင့် အစိုးရ အသုံးစရိတ်ဆိုင်ရာများကို ပြည်ထောင်စု လွှတ်တော်၌ တင်ပြ ဆွေးနွေးသွားမည်ဟု သိရသည်။

လွှတ်တော်မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)

သမ္မတ၏ အထူးဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် သုံးစွဲရန်လျာထားငွေသည် ကျပ် ၆၁၁ ဒသမ ၀၅ ဘီလီယံ တောင်းခံထားကြောင်း၊ သမ္မတရုံးသည် တခြားသော ဝန်ကြီးဌာနများအား ကြီးကြပ်သည့် နေရာသာ ဖြစ်၍ ငွေလုံး ငွေရင်း သုံးစွဲမှု လျှော့ချရေး တင်ပြ ဆွေးနွေးသွားမည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင် က ဧရာဝတီ ကို ပြောသည်။

RelatedPosts

ကရင်နီ၌ စက်သုံးဆီပြတ်လာ

ကရင်နီ၌ စက်သုံးဆီပြတ်လာ

20 June 2025
85
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

20 June 2025
784
ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ယဉ်ကျေးမှု အမွေအနှစ်များ (၁)

ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ယဉ်ကျေးမှု အမွေအနှစ်များ (၁)

20 June 2025
72

“သမ္မတရုံးဝန်ကြီးဌာနက သမ္မတ ကိုယ်စား တခြားဌာနတွေကို စီမံကြီးကြပ်တဲ့ ဌာန ဖြစ်လို့ ငွေလုံး၊ ငွေရင်း သုံးစွဲရမယ့် ဌာန မဟုတ်ပါဘူး၊ တတယ်လို့ သုံးမယ်ဆိုရင် သုံးမယ့်ငွေကို နေရာ၊ ဌာနတွေနဲ့ အတိအကျ ပူးတွဲပြီးတော့ ပြည်ထောင်စု လွှတ် တော် ရဲ့ အတည်ပြုချက်ရယူဖို့ လိုတယ်”ဟု ဒေါက်တာအေးမောင်က ဆိုသည်။

သမ္မတရုံး အသုံးစရိတ်အား နိုင်ငံတော် သမ္မတရုံးအဖွဲ့မှ ပြီးခဲ့သည့်လ အနည်းငယ်က တင်ပြထားပြီး သမ္မတရုံး အဖွဲ့အသုံး စရိတ် အပါအဝင် ပြည်ထောင်စု အစိုးရ၏ အသုံးစရိတ်တင်ပြချက်များကို ဘဏ္ဍာရေး ကော်မရှင်က ပထမစိစစ်ပြီးမှသာ လွှတ် တော်သို့ တင်ပြရခြင်းဖြစ်သည်။

နိုင်ငံတော် ဘဏ္ဍာရေးကော်မရှင်၏ ဥက္ကဋ္ဌ သည် သမ္မတ ဦးသိန်းစိန် ဖြစ်ပြီး ဒု ဥက္ကဋ္ဌ များမှာ ဒု သမ္မတ များဖြစ်သည်။ အတွင်း ရေးမှူးအဖြစ် ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးက တာဝန်ယူပြီး ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ပြည် နယ် နှင့် တိုင်း ဒေသကြီး ဝန်ကြီးချုပ်များ ပါဝင်သည်။

သမ္မတရုံး၏ ဖွံ့ဖြိုးရေးစီမံကိန်းများ၌ အားကစားကွင်း တည်ဆောက်ရေး၊ နည်းပညာကျောင်းများ တည်ဆောက်ရေး စီမံကိန်း တချို့ကို တွေ့ရကြောင်း၊ ထိုကိစ္စများသည် သမ္မတရုံး၏ တာဝန်များ မဟုတ်၍ သက်ဆိုင်ရာ ဝန်ကြီးဌာန၏ လက်အောက်သို့ ဘတ်ဂျက်နှင့်တကွ လွှဲအပ်ဆောင်ရွက်ရန် လိုကြောင်း သိရသည်။

“သမ္မတရုံးရဲ့သုံးစွဲမှုဟာ ပြီးခဲ့တဲ့နှစ်ကလည်းပဲ ဘီလီယံချီပြီးသုံးခဲ့တာကို တင်ပြတယ်၊ လာမယ့် ဘတ်ဂျက်နှစ်မှာ လိုအပ်မှသုံး စွဲဖို့၊ စနစ်တကျ သုံးစွဲဖို့ ကိစ္စတွေကို အသေးစိတ်ဆွေးနွေးသွားမယ်၊ ဥပဒေနဲ့ မညီရင် သမ္မတ အဆိုလည်း ကန့်ကွက်ရမှာပါပဲ” ဟု ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်ကလည်း ဧရာဝတီ ကို ပြောသည်။

၂၀၁၁-၁၂ ဘဏ္ဍရေးနှစ်အတွင်း သမ္မတရုံး၏ ဘတ်ဂျက်ငွေ တချို့သည် မြန်မာ့ စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၌ သုံးစွဲသည်ဟု သိရကြောင်း၊ ထိုကိစ္စသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိ၍ ပြဿနာတရပ်အဖြစ် လွှတ်တော်၌ ဆွေးနွေး နေရကြောင်း အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ရှင်းပြသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် လာမည့်သီတင်းပတ်တွင် စတင်ဆွေးနွေးမည် ဖြစ်သည်။ သုံးစွဲမည့် လျာထားငွေ၌ မလို အပ်သည့် စီမံကိန်းများအတွက် တောင်းခံထား၍ အကျိုးအမြတ်မရသည့် စီမံကိန်းကို ရပ်တန့်ထားရေးအတွက် အသေးစိတ်
ဆွေးနွေး ကြမည် ဖြစ်သည်။

၂၀၁၂-၁၃ တွင် စစ်တပ်၏ အသုံးစရိတ်ကို နိုင်ငံတော်ဘတ်ဂျက် ၏ ၁၄ ဒသမ ၃၉၉ ရာခိုင်နှှုန်း အား နိုင်ငံတော် ကာကွယ်ရေး အတွက်ဟု တင်ပြထား၍ လက်ခံနိုင်သော်လည်း မြန်မာ့ စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာနအတွက် လျာထားငွေမှာ ၃ ဒသမ ၆၅ ရာခိုင်နှှုန်း တင်ပြထားကြောင်း၊ ထိုဝန်ကြီးဌာနသည် မရှိမဖြစ်လိုအပ်နေသည့် ဌာနတခုမဟုတ်ကြောင်း ကိုယ်စားလှယ်များ က ဝေဖန်သည်။

၂၀၁၂-၁၃ ဘတ်ဂျက်၌ ပြည်ထောင်စုအစိုးရ၏ အသုံးစရိတ်သည် နိုင်ငံတော် ဘတ်ဂျက်၏ ၉၃ ဒသမ ၉၄၆ ရာခိုင်နှှုန်း လျာထားပြီး ပြည်နယ် နှင့် တိုင်းဒေသကြီး အစိုးရ၏ အသုံးစရိတ်မှာ ၆ ဒသမ ၀၅ ရာခိုင်နှှုန်း သတ်မှတ်ထား၍ မျှတမှု မရှိဟုလည်း ဆိုကြသည်။

ဒေါက်တာအေးမောင် က “ပြည်ထောင်စုအတွက် ၇၅ ရာခိုင်နှှုန်းပဲသုံးပြီးတော့ ပြည်နယ်၊ တိုင်းအစိုးရ ကို ၂၅ ရာခိုင်နှှုန်း ဒါမှ မဟုတ်၂၀ ရာခိုင်နှှုန်းသုံးစွဲခွင့်ပေးမှသာ တပြေးညီဖွံ့ဖြိုးမှု ရှိလာမှာပေါ့၊ ဒီကိစ္စကိုလည်းပဲ တင်ပြဆွေးနွေးသွားဖို့ရှိတယ်”ဟုပြော သည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကလည်း၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွက် လျာထားတောင်းခံငွေသည် နိုင်ငံတော် ဘတ်ဂျက်၏ ၃ ဒသမ ၃၉ ရာခိုင်းနှှုန်းသုံးစွဲရန် တင်ပြထားကြောင်း၊၊ ဆည်ပေါင်း ၄၇ ခုနှင့် မြစ်ရေတင် စီမံကိန်း ၉ ခု ပါဝင်ကြောင်း၊ တချို့သော ဆည်တမံနှင့်မြစ်ရေတင် စီမံကိန်း များသည် အကျိုးရလဒ် မရှိ၍ တည်ဆောက်ခြင်း မပြုရန် တင်ပြ ဆွေးနွေးကြမည်ဟု သိရသည်။

အမှတ် (၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ အသုံးစရိတ်ကိုမူ လာမည့် ဘဏ္ဍာရေးနှစ်တွင် လျှော့ချထားကြောင်း၊ ထိုဌာန သည် မြန်မာနိုင်ငံ တနိုင်လုံးရှိ စက်ရုံ၊ အလုပ်ရုံများ၊ ပြည်သူများသို့ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး တာဝန်ကို အဓိက လုပ်ဆောင်နေ၍ ဘတ်ဂျက်ငွေ မလျှော့သင့်ကြောင်း ဆွေးနွေးကြမည် ဖြစ်သည်။

ယခင် နဝတ၊ နအဖ အစိုးရလက်ထက်၌ နိုင်ငံတော် ရသုံးမှန်းခြေ ဘတ်ဂျက်ရှင်းတမ်းကို အများပြည်သူသို့ တရားဝင်ထုတ်ပြန် ခြင်းမရှိသည့်အပြင် ဝန်ကြီးဌာနများ၏ အသုံးစရိတ်များပြားခြင်း၊ စီမံကိန်းများ အောင်မြင်မှုမရှိခြင်းတို့ကြောင့် လိုငွေပြမှုများပြား သည့်အတွက်၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဘတ်ဂျက်ငွေသုံးစွဲမှုကို လွှတ်တော်မှ စိစစ်ပြီးမှ သုံးခွင့်ပြုသွားမည်ဟု ကိုယ် စားလှယ်များက ပြောသည်။

မြန်မာနိုင်ငံသည် ပြည်ပ ကြွေးမြီ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ ဝန်းကျင် ရှိနေသည်။ အစိုးရ၏ ရသုံးမှန်းခြေ ငွေစာရင်းအား ၁၉၈၈ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် ထုတ်ပြန်တင်ပြခြင်း ဖြစ်သည်။

Your Thoughts …
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.8k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
အာဏာပြလွန်းသည့် အထက်အရာရှိကို ရတနာပုံဝန်ထမ်းများ တိုင်

အာဏာပြလွန်းသည့် အထက်အရာရှိကို ရတနာပုံဝန်ထမ်းများ တိုင်

မန္တလေးလူငယ်၊ အိပ်ကြမယ်ဟေ့ ကောင်းကောင်း

မန္တလေးလူငယ်၊ အိပ်ကြမယ်ဟေ့ ကောင်းကောင်း

Please login to join discussion
No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

6 days ago
5.8k
မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

2 years ago
94.4k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • ဝေဖန်သံတွေညံနေတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate