ဥရောပပါလီမန် အမတ်နှင့် အာဆီယံ ကိုယ်စားလှယ် အဖွဲ့ ဥက္ကဌ Dr. Wener Lengen နှင့် အဖွဲ့သည် သမ္မတ ဦးသိန်းစိန် နှင့် နေပြည်တော် သမ္မတ အိမ်တော်တွင် ယမန်နေ့က တွေ့ဆုံသည်။ Dr. Wener Lengen နှင့် အဖွဲ့သည် အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းတို့နှင့်လည်း တွေ့ဆုံကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြ ထားသည်။ တွေ့ဆုံရာတွင် ပြည်တွင်း နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုများ၊ ဒေသတွင်းနှင့် နိုင်ငံတကာ ဆက်ဆံမှု တိုးမြှင့်ရေး ဆိုင်ရာ များကို ဆွေးနွေးကြကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။