ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူရှိ ဈေးတွင် ယမန်နေ့ည ၈ နာရီခန့်က မီးလောင်မှုဖြစ်ပွားရာ ဆိုင်ခန်းပေါင်း ၃၆ ခန်း လောင် ကျွမ်းသွားကြောင်း၊ မီးလောင်မှုကြောင့် ထိုင်း ဘတ်ငွေ သိန်းပေါင်း ၇၀၀ ဝန်းကျင်ဆုံး ရှှုံးသွားကြောင်း သိရသည်။ ထိုဈေး၌ ဆိုင်ခန်း စုစုပေါင်း ၃၆ ခန်းရှိပြီး ယွန်းထည်၊ ငွေထည် ၊ လက်ဝတ်ရတနာနှင့် လက်မှုပစ္စည်းများ စသည်တို့ ရောင်းချကြောင်း၊ မီးလောင်မှုသည် လျှပ်စစ် ဝါယာရှော့ဖြစ်ရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ည ၉ နာရီကျော်တွင် ငြိမ်းသွားကြောင်း ဒေသခံ တဦး က ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။