NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ရှမ်းပြည်နယ်သို့ ယနေ့ ထွက်ခွာရာ ဟဲဟိုးမြို့ နံနက် ၈ နာရီခွဲခန့်က ရောက်ရှိသွားသည်။ အောင်ပန်း၊ ကလောမြို့များသို့လည်း သွားရောက်မည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရန် တောင်ကြီး၊ ဟဲဟိုး၊ ညောင်ရွှေ၊ ရွှေညောင်၊ ရပ်စောက်၊ ရွာငံ၊ ဘော်ဆိုင်း စသည့်ဒေသများမှ လူထုသည် ယမန်နေ့ကတည်းက ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း၊ ရပ်ဝေးမှလာရောက်မည့် သူများအတွက် ဒေသခံများက ကောက်ညှင်းပေါင်း၊ထမင်း၊ သောက်ရေသန့် များကို ပြင်ဆင်ထားကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။