NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် မဲဆွယ်စည်းရုံးခရီးစဉ်တွင် လူထုဟောပြောပွဲပြုလုပ်မည့် နေရာအား အာဏာ ပိုင်များက ခွင့်ပြုချက်မပေးကြောင်း သိရသည်။ ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ နေပြည်တော်ရှိ ဇဗ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ ၄ မြို့နယ်တွင် NLD ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ မတ်လ ၅ ရက်နှင့် ၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် သည် နေပြည်တော် မဲဆွယ်စည်းရုံးရေးခရီး သွားရောက်မည်ဖြစ်ကြောင်း NLD က ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။