ရခိုင်ပြည်နယ်အတွင်း လမ်းများ ကောင်းမွန်ရေးနှင့် တိုးမြှင့်ဖောက်လုပ်ရန် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ(RNDP)က ပြည်နယ် လွှတ်တော်၌ တင်သွင်းသည့် အဆိုကို ပြည်ထောင်စု ကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ)က ကန့်ကွက်၍ ပျက်ပြယ် သွားကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၃ ရက်က ကျင်းပသော ပထမအကြိမ် ပြည်နယ်လွှတ်တော် အစည်းအဝေး၌ ပုဏ္ဏားကျွန်း-ရသေ့တောင်၊ ဘူးသီးတောင်-မောင်းတော၊ စစ်တွေ-မြောက်ဦး၊ မြောက်ဦး-ကျောက်တော် စသည့် လမ်းများအပြင် ရခိုင်ပြည် နယ်-ရန်ကုန် ကားလမ်းမကြီးကို မိုးရာသီမတိုင်မီကောင်းမွန်ရေးနှင့်တိုးမြှင့်ဖောက်လုပ်ရန် RNDP အဆိုတင်သွင်းရာတွင် ကန့်ကွက် ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။