ကချင်ပြည်နယ်ရှိ မြစ်ဆုံဆည် စီမံကိန်းကို သမ္မတ ဦးသိန်းစိန်က ၎င်းတို့အစိုးရ သက်တမ်းတခုအတွင်း ရပ်ဆိုင်းလိုက်ကြောင်း ကြေညာ ထားသော်လည်း စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသည့် ကျေးရွာ ၅ ရွာမှ ဒေသခံများသည် မူရင်းအရပ်သို့ ပြန်လည် နေ ထိုင်ခွင့် မရသေးကြောင်း သိရသည်။ ထို ၅ ရွာထဲမှ ၃ ရွာသည် မြေထိုးစက်များဖြင့် ထိုးဖျက်ဆီးခြင်း ခံထားရကြောင်း၊ မြစ်ဆုံ စီမံ ကိန်းသည်လည်း ရပ်ဆိုင်းခြင်း မရှိသေးသော အထောက်အထားများကို တွေ့ရှိရကြောင်း ကချင် လူမှုဖွံဖြိုးရေး ကွန်ရက် အဖွဲ့(KDNG) က မတ် ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။