မြန်မာငွေ လဲလှယ်နှုန်းကို ဈေးကွက်နှင့်အညီ ပြောင်းလဲသတ်မှတ်ရန် အာဏာပိုင်များက မကြာမီ ကြေညာတော့မည် ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ငွေလဲလှယ်နှုန်း ပြောင်းလဲမှုသည် ၃၅ နှစ်ခန့် တဒေါ်လာ ၆ ကျပ် နှင့် ပြား ၄၀ သတ်မှတ်ခဲ့သည့် အစိုးရ ငွေလဲနှုန်းကို အဆုံးသတ်လိုက်ခြင်းလည်း ဖြစ်သည်ဟု Bloomberg သတင်း တပုဒ်၌ ရေးသားထားသည်။ အမေရိကန် တဒေါ်လာကို ကျပ် ၈၀၀ ထက် ပိုမတက်ရန် ထိန်းချုပ်နိုင်မည့် နည်းလမ်း ရှာဖွေနေသည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။