အစိုးရ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက GSM ဖုန်းတလုံး ကျပ်၂ သိန်း၊ WCDMA ဖုန်းတလုံး ကျပ်၂ သိန်းခွဲဈေးနှုန်းဖြင့် သမ္မတ ဦးသိန်းစိန်၏ လမ်းညွှန်ချက်အရ ရောင်းချပေးသွား မည်ဟု ကြေညာလိုက်သည်။ ထို လက်ကိုင်ဖုန်းများသည် ယခင် က ကျပ် ၅ သိန်းနှင့် ရောင်းချနေသော ဖုန်းများ ဖြစ်ကြောင်း သိရသည်။ ဖုန်းခေါ်ဆိုခများကိုလည်း လာမည့် မတ် ၁၄ ရက်မှ စတင် ၍ ည ၁၁ နာရီမှ နံနက် ၇ နာရီ အတွင်း ယခင် ခေါ်ဆိုခ တမိနစ်လျှင် ၂၅ ကျပ်မှ ထက်ဝက်လျှော့ချပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကြေညာထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။