ဒီမိုကရေစီအရေး ဆောင်ရွက်မှု၊ မြန်မာနိုင်ငံ ပဋိပက္ခဖြစ်ရာဒေသများတွင် ကူညီရေးလုပ်ငန်းများဆောင်ရွက်မှုတို့ကြောင့် နိုင်ငံရေးအကျဉ်း သူဟောင်း မဇင်မာအောင်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနက ၂၀၁၂ နိုင်ငံတကာ အမျိုးသမီးများ ရဲစွမ်းသတ္တိဆုကို ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ မဇင်မာအောင်အပါအဝင် တခြား ဆုရှင်အမျိုးသမီးများကို ယနေ့တွင် ဝါရှင်တန်ဒီစီ၌ ဆုချီးမြှင့်မည်ဖြစ်ပြီး အမေရိကန်သမ္မတကတော် မစ်ရှဲ အိုဘားမား၊ အမျိုးသမီးနိုဗဲလ်ဆုရှင်များလည်း တက်ရောက်မည်ဟု သိရသည်။ မဇင်မာအောင်သည် ၁၉၉၆ မှ ၁၉၉၈ ခုနှစ်အတွင်း ဒီမိုကရေစီလှုပ်ရှားမှုများတွင် ပါဝင်မှုကြောင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။