စစ်ကိုင်းတိုင်း ကလေးမြို့ရှိ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကလေးတက္ကသိုလ်တို့မှ ပညာသင်ကြားနေကြသည့် ချင်းကျောင်းသား ၃၀ ကျော်တို့ တွေ့ဆုံဆွေးနွေးပြီး ချင်းကျောင်းသားသမဂ္ဂကို မတ်လ ၄ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ ချင်းကျောင်းသားသမဂ္ဂအနေဖြင့် ကလေးမြို့ တက္ကသိုလ်အသီးသီးရှိ ကျောင်းသားများအရေးနှင့် ကျောင်းသားအခွင့်အရေးအတွက် လှုပ်ရှားသွားမည်ဖြစ်ကြောင်း၊ အကြမ်းမဖက် ကျောင်းသား လှုပ်ရှားမှုဖြင့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတွင် ပါဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။