NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မတ်လ ၁၀ ရက်နေ့ သွာမည့် မွန်ပြည်နယ် မော်လမြိုင်မြို့ မဲဆွယ် စည်းရုံးရေး ခရီးစဉ်တွင် မြို့နှင့် ၅ မိုင်ခန့်အကွာရှိ သွေးသောက်ရွာ အားကစားကွင်းတွင်သာ ဟောပြောခွင့်ရရှိကြောင်း သတင်းရသည်။ မူလက သံလွင်ဥယျာဉ် တွင် ဟောပြောခွင့်ရရှိရန် ပြည်နယ်ကော်မရှင်သို့ ခွင့်တောင်းသော်လည်း အဆင့်မြင့် ဥယျာဉ် တည်ဆောင်မည် ဖြစ်သည့်အတွက် ဟူသော အကြောင်းပြချက်ဖြင့် ပယ်ချခံရကြောင်း မော်လမြိုင်မြို့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် မည့် NLD အဖွဲ့ဝင် ဒေါ်ခင်ဌေးကြွယ်က ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။