ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်ကို နိုင်ငံတော် ပုန်ကန်မှု၊ မတရား အသင်း ဆက်သွယ်မှုပုဒ်မများဖြင့် မနက်ဖြန်တွင် စီရင်ချက်ချရန် အင်းစိန်ထောင်တရားရုံးက ဆုံးဖြတ်လိုက်သည့် အပေါ် ၈၈ မျိုးဆက်ကျောင်းသားများက ယင်းကိစ္စသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်နိုင်ကြောင်း ပြောဆိုလိုက်သည်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက “နိုင်ငံတော် ပုန်ကန်မှုဆိုရာ၌ ဥပဒေအရဖွဲ့စည်းတည်ထောင်တဲ့ အစိုးရတရပ်ကို ဆန့်ကျင်ပုန်ကန်တဲ့အခါကျမှ ကျင့်သုံးလို့ရတာ။ မြန်မာပြည်မှာက ၁၉၆၂ ကနေ ၇၄ အထိ ဥပဒေ အရ ဖွဲ့စည်းထားတဲ့ အစိုးရ မဟုတ်လို့ အဲဒီကာလကလည်း အမှုမမြောက်ဘူး။ တခါ ၁၉၈၈ ခုကနေ ၂၀၁၀ အထိက ဥပဒေအရ ဖွဲ့စည်းတဲ့ အစိုးရမဟုတ်တဲ့ အစိုးရ မဟုတ်တဲ့ အတွက်ကြောင့် ပုဒ်မ ၁၂၂/၁ မမြောက်ဘူး။ ပြောမယ်ဆိုရင် အငြင်းပွားစရာ အများကြီးပဲ” ဟု ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။