တရုတ်-မြန်မာ နယ်စပ် ကချင်ပြည်နယ်၌ဖြစ်ပွားနေသည့် KIA နှင့် အစိုးရတပ် တိုက်ပွဲများကြောင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းနေသည့် ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်းကို ထိခိုက်မှု မရှိ ကြောင်း၊ ကချင် ပြည်နယ်ကို ဖြတ်ဖောက် နေသည့် ယင်းပိုက်လိုင်း စီမံကိန်းသည် ၂၀၁၃ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေး ဒါရိုက်တာက ပြော သည်ဟု တရုတ် သတင်း တရပ်တွင် ရေးသားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။