မြစ်ဆုံဆည် စီမံကိန်း ပြန်လည်စတင်ရန် တရုတ်တာဝန်ရှိသူများက မြန်မာအစိုးရကို တိုက်တွန်းရန်ရှိကြောင်း သိရသည်။ တရုတ်အမျိုးသား စွမ်းအင်ဌာန အကြီးအကဲ နှင့် စီမံကိန်းကို တာဝန်ယူ တည်ဆောက်နေသည့် CPI ကုမ္ပဏီ ဥက္ကဌတို့ က တရုတ်အမျိုးသား ကွန်ဂရက် နှစ်လယ် အစည်းအဝေး ၌ တိုက်တွန်းမည့် အစီအစဉ်ကို ပြောကြား ကြောင်း AP သတင်း၌ ဖော် ပြထားသည်။ ယင်းစီမံကိန်းကို ပြီးခဲ့သည့် နှစ် စက်တင်ဘာ လကုန်ပိုင်းက သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့် လက်ရှိ အစိုးရ သက်တမ်း အတွင်း ရပ်ဆိုင်း ခဲ့ခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။