၀န်ကြီးဌာနများ၏ အလွဲသုံးစားမှု၊ အကျင့်ပျက် ခြစားမှုများ တွေ့ရှိရသဖြင့် ယခုရက်ပိုင်းအတွင်း ကျင်းပမည့် လွှတ်တော် အစည်းအဝေးများတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဆိုင်ရာ ကော်မရှင်တရပ် ဖွဲ့စည်းရန် တင်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီသစ် ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြောသည်။ ယင်းကော်မရှင် ဖွဲ့စည်းရေး ဆွေးနွေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သဘောတူညီ ထားကြောင်းလည်း သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။