ရွေးကောက်ပွဲနေ့တွင် မဲရုံအသီးသီး၌ လွှတ်တော် ကိုယ်စား လှယ်လောင်းများက ကိုယ်စားဆောင်ရွက် ရန် ရွေးကောက် ပွဲကိုယ်စား လှယ်၊ မဲရုံ ကိုယ်စားလှယ်၊ အကူကိုယ်စားလှယ် များ ထားရှိ၍ စောင့်ကြည့် နိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် လိုက်သည်။ ယင်း ကိုယ်စားလှယ်များ ခန့်ထားရန် ၇ ရက် ကြိုတင်ပေးပို့ထားရမည်ဖြစ်ကြောင်း၊ ထိုသို့ ခန့်ထား သည့် ကိုယ်စားလှယ်များသည် မဲရုံတွင်း ဝင်ရောက်ခွင့် ရှိသည့် အပြင် မဲရေတွက်မှု ကြည့်ရှုခွင့်ရှိခြင်း၊ မှန်ကန်ကြောင်း လက်မှတ်ထိုးခွင့် ရှိခြင်း စသည့် ဥပဒေပါ အခွင့်အရေးများကို ရရှိမည် ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ကြားဖြတ် ရွေးကောက်ပွဲကို ဧပြီ ၁ ရက်တွင် ကျင်းပ မည် ဖြစ်ကြောင်း ကြေညာထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။