မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်နှင့် မူဝါဒညှိနှိုင်းရေးမှူး ဒဲရက် မစ်ချယ်သည် ယနေ့ ညနေပိုင်းတွင် NLD ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း NLD က ပြောသည်။ ၎င်းသည် ယမန်နေ့က ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့နှင့် နေပြည်တော်တွင် သီးခြားစီ တွေ့ဆုံသည်။ မစ္စတာ ဒဲရက် မစ်ချယ်သည် မတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ခရီးစဉ် အတွင်း ပြုပြင်ပြောင်းလဲရေး တိုးတက်မှုအခြေအနေ၊ ကြားဖြတ် ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုများကို မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။