ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ဝေသည့် The Voice Weekly ဂျာနယ်ပါ “ဝန်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ” သတင်းနှင့်ပတ်သက်၍ သတ္ထုတွင်းဝန်ကြီးဌာနက တရားစွဲဆိုမည်ဟု သိရသည်။ ရေးသားချက်များမှာ မှန်ကန်မှု မရှိ၊ သတ္ထုတွင်းဝန်ကြီးဌာန၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ပြည်သူလူထု၏ ယုံကြည်မှုကို ယုတ်လျော့စေကြောင်း အစိုးရသတင်းစာမှတဆင့် အဆိုပါဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။ သတ္ထုတွင်းဝန်ကြီးဌာန အမှတ် (၁) သတ္ထုလုပ်ငန်း၏ မုံရွာကြေးနီစီမံကိန်းတွင် လာဘ်စားမှုကို လွှတ်တော်ကိုယ်စားလှယ်တဦးအား ကိုးကား၍ The Voice Weekly ဂျာနယ်က ဖော်ပြထားခြင်းဖြစ်သည်။ ယခုလ အစောပိုင်းကလည်း မော်ဒန်သတင်းဂျာနယ်ကို အသရေဖျက်မှုဖြင့် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ဆောက်လုပ်ရေး အင်ဂျင်နီယာက တရားစွဲဆိုထားသေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။