ပြည်တွင်း ငြိမ်းချမ်းရေး နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး အမှန်တကယ် ဖြစ်ထွန်းလာရေးအတွက် ဦးသိန်းစိန် အစိုးရ အဖွဲ့၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး အဖွဲ့များ အားလုံး အလေးထား ဆောင်ရွက်ရန် တိုက်တွန်းသည့် အိတ်ဖွင့်ပေးစာနှင့် လက်မှတ်ထိုးတောင်းဆိုသည့် လှုပ်ရှားမှုကို အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)(WLB)က ပြုလုပ်နေကြောင်း သိရသည်။ ယင်းလက်မှတ်များနှင့် အိတ်ဖွင့်ပေးစာကို မတ်လ၂၇ ရက်နေ့တွင် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ပေး ပို့ မည်ဖြစ်ကြောင်း WLB ကပြောသည်။ WLB သည် တိုင်းရင်းသားပေါင်းစုံ ပါဝင်သော အမျိုးသမီးအဖွဲ့ ၁၃ ဖွဲ့ပူးပေါင်းထားသည့် အဖွဲ့ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။