အစိုးရဝန်ကြီးဌာနများ၏ သတင်းမီဒီယာများအပေါ် ဥပဒေကြောင်းအရ အရေးယူမည့် လုပ်ရပ်များသည် မီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်သော လုပ်ရပ်များဖြစ်ပြီး နိုင်ငံ၏ တိုးတက်ရေးကို ကန့်သတ်လိုက်ခြင်းပင် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက်မစ်ချယ်နှင့် ယမန်နေ့က တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် တွေ့ဆုံအပြီး ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။