သတ္တုတွင်း ဝန်ကြီးဌာနက The Voice ဂျာနယ်အား တရားစွဲဆိုရန် ထုတ်ပြန်ချက် အပါအဝင် အစိုးရ ဝန်ကြီးဌာနများက သတင်းသမားများ အပေါ် ခြိမ်းခြောက်မှုပါသော လုပ်ရပ်များနှင့် ပတ်သက်ပြီး လွတ်လပ်စွာ ရေးသားပိုင်ခွင့်ကို အသိအမှတ်ပြုရန် မြန်မာ ဂျာနယ်လစ် ကွန်ရက် (MJN) က ယနေ့ပြောဆို လိုက်သည်။ ယခု လုပ်ရပ်သည် သမ္မတ ဦးသိန်းစိန် အစိုးရ၏ ဒီမိုကရေစီ ခြေလှမ်းများကို အဟန့်အတား ဖြစ်စေသည် ဟုလည်း အချက် ၅ ချက်ပါ MJN ထုတ်ပြန်ချက်၌ ပါရှိသည်။ MJN သည် ဝါရင့်သတင်းစာ ဆရာကြီး များ အပါအဝင် ပြည်တွင်း သတင်းသမား ၁၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။