ဗီယက်နမ်သမ္မတ၏ ဖိတ်ကြားချက်အရ မတ်လ ၂၀ နှင့် ၂၁ ရက်တို့တွင် သမ္မတ ဦးသိန်းစိန်သည် ဗီယက်နမ်သို့ လာရောက်လည်ပတ်မည်ဟု ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ကြေညာသည်။ ဗီယက်နမ် သတင်းဌာနတခု၏ သတင်းပေးပို့ချက်အရ မြန်မာ့ရေတပ်မှ ရေတပ်သား ၁၂၃ ဦးစီ တင်ဆောင်လာသော ဖရီးဂိတ်အမျိုးအစား တိုက်ရေယာဉ် ၂ စင်းသည် ၃ ရက်ကြာ ခရီးစဉ်အဖြစ် ဗီယက်နမ်အလယ်ပိုင်း ဒါ့နန်မြို့ ဆိပ်ကမ်းသို့ ယနေ့ ဆိုက်ရောက်လာကြောင်း သိရသည်။ ယခုကဲ့သို့ မြန်မာ့တိုက်ရေယာဉ်များ ဗီယက်နမ်သို့ ဆိုက်ရောက်မှုသည် ပထမဆုံးအကြိမ်ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။