NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က NLD အနိုင်ရလျှင် တရုတ် စီးပွားရေး လုပ်ငန်းရှင်များ၏ အကျိုးစီးပွား ထိခိုက်နိုင်သည်ဟူ သော ပြောဆိုချက်များနှင့် ပတ်သက်ပြီး“နိုင်ငံသားများအတွက် အကျိုးရှိမည့်စနစ်တခုကို ဦးတည်မည်ဖြစ်ကြောင်းနှင့် တခြားသူများကို အကျိုးယုတ်စေမည့်အလုပ်များကို ဦးစားပေးလုပ်မည် မဟုတ်ကြောင်း” ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေနေ့များက လားရှိုး ၊ သိန္နီ မြို့များ အပါအဝင် ရှမ်းပြည်မြောက်ပိုင်း သို့ မဲဆွယ်စည်းရုံးရေး ခရီးထွက်ရာတွင် လားရှိုး၌ ယင်းသို့ ဒေါ်အောင် ဆန်းစုကြည် က ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။