စစ်ပြေးဒုက္ခသည် ၇ သောင်း ၅ ထောင်ခန့်အနက် လူဦးရေထက်ဝက်ခန့်ဆီသို့ အကူအညီများ မရောက်ရှိနိုင်အောင် အစိုးရတပ်နှင့် ကချင်တပ်ဖွဲ့များက အတားအဆီးပြုလုပ်နေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ (HRW) က ယမန်နေ့က ပြောဆိုလိုက်သည်။ ကချင်ပြည်နယ်တွင် အစိုးရတက်များက ဖိနှိပ်မှုများ ဆက်လုပ်နေပြီး လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ထိရောက်စွာ မပေးနိုင်အောင် ပြုလုပ်နေသည်ဟု ယမန်နေ့က ထုတ်ပြန်သည့် HRW ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး ကတိကဝတ်များ အကျိုးကျေးဇူးကို မြန်မာပြည်သူများ၊ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာ ဒေသရှိ လူထုများ ခံစားခွင့်ရရန် အလှမ်းဝေးဆဲဖြစ်ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။