အိန္ဒိယနိုင်ငံမှ United Bank of India (UBI) က ၂၀၁၅ တွင် မြန်မာနှင့် နှစ်နိုင်ငံကုန်သွယ်ရေး ဒေါ်လာ ၃ ဘီလီယံအထိ ရောက်ရှိစေရေး အထောက်အကူဖြစ်စေရန် ရန်ကုန်မြို့တွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ အိန္ဒိယအစိုးရထံမှ မူအားဖြင့် သဘောတူချက်ရရှိပြီးဖြစ်ကြောင်း၊ မြန်မာဗဟိုဘဏ်နှင့်လည်း နားလည်မှု စာချွန်လွှာ ထိုးထားပြီးဖြစ်ကြောင်း UBI ဥက္ကဋ္ဌနှင့် စီမံခန့်ခွဲမှု ဒါရိုက်တာ ဘာစကာ ဆင်းကို ကိုးကား၍ The Telegraph သတင်းတွင် ဖော်ပြထားသည်။ ကိုယ်စားလှယ်ရုံးကို လာမည့်ဘဏ္ဍာရေးနှစ် အစောပိုင်းတွင် ဖွင့်လှစ်မည်ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သည်များအတွက် အဆင်ပြေစေနိုင်မည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။