ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ရက်သတ္တပတ် နှစ်ပတ်မျှသာ လိုတော့ချိန်တွင် မဲစာရင်းများတွင် မှားယွင်း၊ မပြည့်စုံမှုများ အလွန်များပြားနေကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ယမန်နေ့က ထုတ်ပြန်ကြေညာသည်။ နမူနာအနေဖြင့် ကော့မှူးမြို့နယ်နှင့် တောင်တွင်းကြီးမြို့နယ် မဲဆန္ဒနယ်နှစ်ရပ်တွင် သေဆုံး၍ မဲစာရင်းမှ ပယ်ဖျက်ပေးရမည့်ဦးရေ၊ မဲစာရင်းတွင် ထည့်သွင်းပေးရမည့်ဦးရေ၊ မဲစာရင်းတွင် ပိုနေသူဦးရေများကို ဖော်ပြထားသည်။ ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ မတရားသော လုပ်ဆောင်မှုများနှင့် ပတ်သက်၍လည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီက တအိမ်တယောက် မတက်မနေရ ဆင့်ခေါ်မှု၊ တနင်္သာရီတိုင်း လောင်းလုံမြို့နယ်တွင် ရွေးကောက်ပွဲ ကော်မရှင်၏ သတ်မှတ်ချက်ကို ဆန့်ကျင်၍ ကြိုတင်မဲ ကောက်ယူမှု၊ ဥတ္တရသီရိမြို့နယ်တွင် NLD အမတ်လောင်း ဦးမင်းသူ၏ ဟောပြောပွဲ၌ သစ်သားချွန်ဖြင့် ပစ်ခတ်ခံရမှုများကို ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။