ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန်သည် ယမန်နေ့က ဗီယက်နမ် သမ္မတ Truong Tan Sang နှင့် ဗီယက်နမ် ဝန်ကြီးချုပ် Nguyen Tan Dung တို့နှင့် ဟနွိုင်းမြို့တွင် တွေ့ဆုံကြောင်း သိရသည်။ တွေ့ဆုံရာ၌ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန် အပါအဝင် စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံမှု၊ ဘဏ်လုပ်ငန်းနှင့် သစ်လုပ်ငန်း၊ ခရီးသွား လုပ်ငန်း စသည်တို့ကို ဆွေးနွေးကြကြောင်း ဗီယက်နမ် သတင်းများတွင် ဖော်ပြထားသည်။ ၂၀၁၄ ခုတွင် မြန်မာက အာဆီယံ အလှည့်ကျ ဥက္ကဌ ဖြစ်ရေးအတွက် ထောက်ခံပေးသောကြောင့် ဗီယက်နမ်ကို ကျေးဇူးတင်ကြောင်း ဦးသိန်းစိန် က ပြောသည်ဟုလည်း ပါရှိသည်။ ဦးသိန်းစိန်နှင့် ချစ်ကြည်ရေး အဖွဲ့သည် ယမန်နေ့က စတင်၍ ဗီယက်နမ် နိုင်ငံသို့ ၂ ရက်ကြာခရီးစဉ် သွားရောက်ခြင်း ဖြစ်ပြီး ကမ္ဘောဒီးယား နှင့် လာအို နိုင်ငံများသို့လည်း သွားရောက်မည်ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။