မြန်မာအစိုးရက ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို လာရောက် လေ့လာစောင့်ကြည့်ရန် အမေရိကန်နိုင်ငံနှင့် ဥရောပ သမဂ္ဂ(EU) နိုင်ငံများကို ဖိတ်ကြားထားကြောင်း AP သတင်းတွင် ယနေ့ဖော်ပြသည်။ ယမန်နေ့ကလည်း အရှေ့တောင် အာရှ နိုင်ငံများ(အာဆီယံ) ကို ကြားဖြတ်ရွေးကောက်ပွဲ လေ့လာေစောင့်ကြည့်ရန် ဖိတ်ကြားခဲ့ကြောင်း အာဆီယံ၏ ထုတ်ပြန်ချက် အရ သိရသည်။ မြန်မာအစိုးရ ကမူ ယနေ့ အချိန်အထိ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။