ယခုနှစ် ကျန်းမာရေး ဝန်ကြီးဌာန အတွက် ဘတ်ဂျက် အသုံးစရိတ် လျာထားမှုသည် ယခင်ထက် ၄ ဆ ခန့်ရှိသောကြောင့် ဆရာ ဝန်များ ပိုမိုခန့်ထားရေး၊ ဆေးရုံများ ပိုမိုကောင်းမွန်ရန် ပြင်ဆင်ရေး စသည့် ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍများသည် လွန်ခဲ့ သည့် ဆယ်စုနှစ်များထက် ခေတ်မီရန် ကြိုးစားနိုင်တော့မည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ဖေသက်ခင်က ပြော ဆို လိုက်သည်။ အရည်အသွေးမီ ကျန်းမာရေး စောင့်ရှောက်မှုများအတွက် ယခင်က ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်သော်လည်း အစိုး ရ အနေဖြင့် ပိတ်ဆို့အရေးယူမှုများခံထားရသောကြောင့် ဘတ်ဂျက် နည်းပါးခဲ့သည်ဟုလည်း စင်္ကာပူနိုင်ငံ၌ ကျင်းပသော ကမ္ဘာ့ ကျန်းမာရေး ညီလာခံတွင် အလွတ်သဘော ပြောဆိုခဲ့ကြောင်း ယမန်နေ့ကReuters သတင်းတွင် ရေးထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။