• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရွေးကောက်ပွဲ စောင့်ကြည့်ရန် နိုင်ငံတကာကို ဖိတ်ခေါ်

by ခင်ဦးသာ
21 March 2012
in သတင်း
A A
1.2k
VIEWS
Share on FacebookShare on Twitter

ကြားဖြတ် ရွေးကောက်ပွဲကို လေ့လာ စောင့်ကြည့်ရန် အမေရိကန်၊ ဥရောပ သမဂ္ဂ (အီးယူ) နှင့် အရှေ့တောင် အာရှ နိုင်ငံများ အသင်း (ASEAN) ကိုယ်စားလှယ်များအား မြန်မာအစိုးရက ဖိတ်ကြား ထားကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲကာလ ရန်ကုန်မြို့ရှိ မဲရုံတရုံ၌ မဲရေတွက်နေစဉ် (ဓာတ်ပုံ - Reuters)

ရန်ကုန် အခြေစိုက် အမေရိကန်သံရုံး၏ ပြောခွင့်ရသူ အန်ဒရီယန် နုဇ်မင်း(Adrienne Nutzman) က ထိုသို့ ပြောဆိုကြောင်း AP သတင်းက ရေးသားထားသည်။ အမေရိကန်နှင့်ဥရောပ အဖွဲ့အား ဖိတ်ခေါ်ထားသော်လည်း မည်သည့်ပုဂ္ဂိုလ်များနှင့် အဖွဲ့ဝင် မည်မျှပါဝင်မည် ဆိုသည်ကိုမူ သံရုံးပြောခွင့်ရသူမှ တိတိကျကျ ပြောဆိုမှု မရှိသေးကြောင်းလည်း AP သတင်းက ဆိုသည်။

RelatedPosts

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

13 June 2025
942
စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

13 June 2025
61
ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

13 June 2025
2.1k

မြန်မာနိုင်ငံတွင် ဧပြီ ၁ ရက် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအား ပြည်တွင်း၊ ပြည်ပ လေ့လာစောင့်ကြည့်ရေး အဖွဲ့ တချို့ကို ခွင့်ပြုမည်ဟု သိရသော်လည်း မည်သည့်ပုံစံဖြင့် လာရောက်ခွင့်ပေးမည်ကို အစိုးရက ထုတ်ပြန်ခြင်း မရှိသေးပေ။

တပြိုင်တည်းမှာပင် ကြားဖြတ်ရွေးကောက်ပွဲ အကြို သွားရောက်ခဲ့သည့် ဘန်ကောက်အခြေစိုက် The Asian Network For Free Election (ANFREL) အဖွဲ့ခေါင်းဆောင် Ms.Somsri Hananuntasuk အား မြန်မာအစိုးရ က ယမန်နေ့က ပြည်နှင်ဒဏ် ပေး လိုက်ကြောင်း သိရသည်။

ANFREL အဖွဲ့ ခေါင်းဆောင် အမျိုးသမီးကို ရန်ကုန်မြို့မှ ထွက်ခွာပေးရန် လူဝင်မှုကြီးကြပ်ရေးဌာန(လဝက)အရာရှိတဦး က ယမန်နေ့ ညနေပိုင်းတွင် တည်းခိုရာနေရာသို့ လာရောက်၍ ပြောဆိုခဲ့ကြောင်း ဘန်ကောက်မြို့ရှိ ANFREL ရုံး၏ တာဝန်ရှိသူ တဦးက ဧရာဝတီ ကို ပြောသည်။

“ဒီနေ့ပဲ ရန်ကုန်က ထွက်ခွာပေးပါ၊ ဗီဇာ အသစ် ထပ်လျှောက်ထားပြီးတော့ ပြန်လာပါ ဆိုပြီးတော့ လဝက အရာရှိ တဦးက လာပြောတယ်၊ ယဉ်ယဉ်ကျေးကျေးပါပဲ၊ ဘယ်လိုဗီဇာမျိုး လျှောက်ပါလို့တော့ မပြောဘူး”ဟု ၎င်း က ဆက်ပြောသည်။

ANFREL အဖွဲ့ဝင် တချို့သည် မြန်မာနိုင်ငံသို့ ခရီးသွား ဗီဇာဖြင့် ယခုရက်ပိုင်း အတွင်း ရောက်ရှိနေကြခြင်း ဖြစ်သည်။ ၎င်းအဖွဲ့သည် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ စားသောက်ဆိုင်တဆိုင်၌ ANFREL အဖွဲ့က နိုင်ငံတကာ ရွေးကောက်ပွဲများ၏ လွတ်လပ်မှု ရှိခြင်း၊ မရှိခြင်း၊ အခြေ အနေများ၊ သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုပေးမှု အတိုင်းအတာများ၊ အတွေ့ အကြုံ စသည့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စ ရပ်များအား ဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ခြင်းကို မြန်မာ အာဏာပိုင်များ သိရှိသွားပြီးနောက် နှင်ထုတ်ခံခဲ့ရကြောင်း အဖွဲ့ဝင် တဦး က ဆိုသည်။

ANFREL ကို ၁၉၉၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး အာရှဒေသ လူထုအခြေပြု လူမှုအဖွဲ့များ၏ ပထမဦးဆုံး ဒေသဆိုင်ရာ ကွန်ရက် တခုလည်း ဖြစ်သည်။ ANFREL သည် အာရှဒေသအတွင်း နိုင်ငံ တနိုင်ငံချင်းစီနှင့် ဒေသအဆင့် ဒီမိုကရေစီ ဖြစ်ထွန်းမှုကို မြှင့် တင်၊ ထောက်ခံပံ့ပိုးပေးရန် အားထုတ်လုပ်ဆောင်သည့် အဖွဲ့ဖြစ်ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ရေး အဖွဲ့များ လာရောက်ခွင့်ပေးရန် နိုင်ငံတကာမှ တောင်းဆိုနေကြရာ ASEANအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များကိုလည်း မြန်မာအစိုးရက ဖိတ်ခေါ်လိုက်ကြောင်း ASEAN အဖွဲ့က ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ASEAN အဖွဲ့ဝင်နိုင်ငံများမှ တနိုင်ငံလျှင် လွှတ်တော်ကိုယ်စားလှယ်၂ ဦးနှင့် ASEAN အတွင်းရေးမှူးချုပ်ရုံးမှ အဖွဲ့ဝင် ၅ ဦးကို လာရောက်ရန် အစိုးရ က ဖိတ်ခေါ်ထားကြောင်း ASEAN အတွင်းရေးမှူးချုပ်ရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မြန်မာအစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲကာလတွင်လည်း ရန်ကုန်မြို့ရှိ နိုင်ငံတကာ သံရုံးများမှ သံတမန်များကို ဖိတ်ခေါ်ကာ ၎င်းတို့ စီစဉ်ထားသည့် မဲရုံများအား လေ့လာခွင့်ပေးခဲ့သော်လည်း သတင်းမီဒီယာများကိုမူ လွတ်လပ်စွာ ဓာတ်ပုံ ဗီဒီယိုရိုက် ကူးခွင့် မပေးခဲ့ပေ။

ရွေးကောက်ပွဲ ကော်မရှင် နှင့် အစိုးရ ကျောထောက်နောက်ခံ ပြုထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင် ရေး ပါတီ)တို့ ပူးပေါင်း၍ ကြိုတင်မဲ၊ မဲလိမ်၊ မဲခိုးမှုများ တနိုင်ငံလုံး၌ လုပ်ဆောင်ခဲ့သည်ဟု ဆိုကာ ပြည်တွင်း၊ ပြည်ပ၏ ဝေဖန် မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သေးသည်။

ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ မဟုတ်ဘဲ လွတ်လပ်၍ တရားမျှရေး ဆောင်ရွက်နေသည်ဟု အစိုး၏ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်ရှင် ဥက္ကဋ္ဌ ဦးတင်အေး က နိုင်ငံတကာ သံတမန်များနှင့်နိုင်ငံရေးပါတီများကို ပြောဆိုထားသည်။

ကျင်းပရန် ၁၀ ရက်သာ လိုတော့သည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ မဲဆွယ်နေကြသည့် အတိုက်အခံ နိုင်ငံရေးပါတီများသည် ဒေသဆိုင်ရာ အာဏာပိုင်များ၏ ကန့်သတ်မှု၊ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရပြီး မဲစာရင်း မှားယွင်းမှုများ၊ သက်မှတ် ရက် မတိုင်မီ ကြိုတင်မဲ ပေးခိုင်းမှု စသည့် ကိစ္စရပ်များလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်မဲ ဆန္ဒနယ် ၄၈ နေရာ၌ ကျင်းပမည်ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ၊ ကြံ့ခိုင် ရေး ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ(တစည)၊ ရှမ်း တိုင်းရင်သားများ ဒီမိုကရက်တစ်ပါတီ(SNDP)၊ လားဟူ တိုင်းရင်းသားများ ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF) စသည်ဖြင့် ပါတီ ၁၇ ပါတီက ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

Your Thoughts …
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.7k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.8k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.9k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.4k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
မြစ်ဆုံရွာသားများကို ပြန်ထွက်သွားရန် အမိန့်ထုတ်

မြစ်ဆုံရွာသားများကို ပြန်ထွက်သွားရန် အမိန့်ထုတ်

ပုသိမ်သူ ရေယာဉ်နစ်မြုပ်မှု အသေအပျောက်များရှိ

ပုသိမ်သူ ရေယာဉ်နစ်မြုပ်မှု အသေအပျောက်များရှိ

Please login to join discussion
No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.6k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

2 days ago
3.9k

Most Read

  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate