• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မွန် ဒေသအတွက် “သံလွင်တိုင်းမ်” ဂျာနယ် ထုတ်မည်

by သန့်စင်ငြိမ်းချမ်း
22 March 2012
in သတင်း
A A
1.5k
VIEWS
Share on FacebookShare on Twitter

၁၉၈၈ ခုနှစ်နောက်ပိုင်း မွန်ပြည်နယ်၏ ပထမဆုံး ပုဂ္ဂလိက သတင်းဂျာနယ် တစောင် ဖြစ်လာမည့် “သံလွင်တိုင်းမ်” ဂျာနယ်ကို လာမည့် ဧပြီလအတွင်း မြန်မာ ဘာသာဖြင့်ထုတ်ဝေသွားမည်ဟု အယ်ဒီတာအဖွဲ့က ပြောသည်။

လက်ရှိ ထုတ်ဝေနေသော ဂျာနယ်တချို့ကို ရန်ကုန်မြို့ အရောင်းဆိုင် တဆိုင်တွင် တွေ့မြင်ရစဉ်(ဓာတ်ပုံ - AP)

ဒေသတွင်း သတင်းများ ဦးစားပေးရေးသားဖော်ပြမည့် ယင်းဂျာနယ်ထုတ်ဝေရန် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့က စာပေ စိစစ်ရေးသို့ တင်ပြခဲ့ရာတွင် လာမည့် တစ်ပတ်အတွင်းခွင့်ပြု ပေးတော့မည်ဖြစ်သဖြင့် ဧပြီလအတွင်း စတင် ထုတ်ဝေသွားရန် ပြင် ဆင်နေသည်။

RelatedPosts

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
26
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
28
မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

15 May 2025
426

“အဓိကထွက်လာတဲ့ ဂျာနယ်တော်တော်များများက ရန်ကုန်ကို အခြေပြုပြီးတော့ နယ်မှာတကယ်ဖြစ်ပျက်နေတဲ့ လယ်သမား အရေးတို့ အလုပ်သမားအရေးတို့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးတို့က သိပ်ပြီးတော့ များများ စားစားဖော်ပြခြင်း မခံရဘူးဗျ။ ဒါကြောင့် မွန်နဲ့ တနင်္သာရီ အခြေပြုတဲ့ ဒေသသတင်းတွေကို ဦးစားပေး ဖော်ပြမယ်”ဟု သံလွင်တိုင်းမ် ဂျာနယ် အယ်ဒီတာ အဖွဲ့ဝင် နိုင်မင်းမင်းနွယ်က ပြောသည်။

ဂျာနယ်ထုတ်ဝေပြီးမှ စာပေစိစစ်ရေးသို့ တင်ပြရမည့် ထုတ်တင်စနစ်ဖြင့် ထွက်ရှိလာမည့် သံလွင်တိုင်းမ်ဂျာနယ်ကို အစောပိုင်းက ရာမညတိုင်းမ်အမည်ဖြင့် ထုတ်ဝေခွင့်တောင်းခဲ့သော်လည်း မွန်ပြည်နယ်၌ ပြန်ကြားရေးဌာနက ထုတ်ဝေနေသည့် ရာမည သတင်း စာစောင်နှင့် အမည်တူနေသည့်အတွက် သံလွင်တိုင်းမ် အမည်ဖြင့် ပြင်ဆင် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

မော်လမြိုင်မြို့တွင် အခြေစိုက်မည့် သံလွင်တိုင်းမ်ဂျာနယ် အယ်ဒီတာချုပ်နှင့် ထုတ်ဝေသူမှာ မွန်ပြည်သစ် ပါတီတွဲဖက် အထွေထွေအတွင်းရေးမှူးဟောင်း နိုင်ချမ်းသွဲ့ဖြစ်ပြီး အယ်ဒီတာ အဖွဲ့ဝင်များမှာ နိုင်မင်းမင်းနွယ်၊ နိုင်ဇေ၊ နိုင်ရာဇာ၊ နိုင်အောင်ထူးတို့ ဖြစ်ကြောင်း သိရသည်။

“ဒီဂျာနယ်က အစိုးရဘက်ရော ပါတီဘက်ရော ဘက်မလိုက်ပါဘူး။ အဓိကက ပြည်သူတွေဘက်ကရပ်တည်ပြီးတော့ စတုတ္ထမဏ္ဍိုင် အနေနဲ့ ရပ်တည်သွားမှာပါ”ဟု နိုင်မင်းမင်းနွယ်ကပြောသည်။

တစ်လတစ်ကြိမ် ထုတ်ဝေသွားမည့် သံလွင်တိုင်းမ် ဂျာနယ်တွင် စာမျက်နှာ ၁၆ မျက်နှာ ပါရှိမည်ဖြစ်ကာ တစ်စောင်လျှင် ၅၀၀ ကျပ် ဖြင့် ရောင်းချရန် သတ်မှတ်ထားသည်။ စတင်ထုတ်ဝေချိန်မှာပင် စောင်ရေ ၃၀၀၀ မှ ၅၀၀၀ ကြား ထုတ်ဝေသွားမည်ဖြစ်ပြီး မွန်ပြည်နယ်နှင့် တနင်္သာရီဒေသများသို့ ဖြန့်ချိသွားမည်ဖြစ်သည်ဟုလည်း ဆိုသည်။

မွန်ပြည်နယ်အတွက် ပုဂ္ဂလိကသတင်းဂျာနယ်တစ်စောင် ထွက်ပေါ်လာသည့်အပေါ် ကြိုဆိုကြောင်း ထိုင်းနိုင်ငံအခြေစိုက် လွတ် လပ်သော မွန် သတင်းအေဂျင်စီက သတင်းထောက် အမျိုးသမီးတစ်ဦးက ပြောသည်။

“ဒေသတွင်းမှာဘာတွေ ဖြစ်နေတယ်ဆိုတာ ပြည်သူတွေ ပိုသိလာနိုင်မယ်။ ပြည်ပက သတင်းလိုက်တော့ တခါတလေဆက်သွယ် ရေး အခက်အခဲကြောင့် ရေးသင့်တဲ့ သတင်းတွေ မရေးနိုင်ခဲ့ဘူး။ သူတို့ကအထဲမှာတခုခုဖြစ်တာနဲ့ ချက်ချင်း ရေးနိုင်မယ်ဆိုတော့ ပိုကောင်းပါတယ်”ဟု သူက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် သတင်း၊ မှုခင်း၊ ပညာရေး၊ စီးပွားရေး၊ ဘာသာရေး၊ အားကစား၊ ကျန်းမာရေး၊ အနုပညာ၊ ကလေးသူငယ်၊ နည်းပညာ စသဖြင့် ဂျာနယ် မဂ္ဂဇင်း အမျိုးအစားပေါင်း ၃၅၀ ကျော် ထုတ်ဝေလျက်ရှိရာ အများစုမှာ ရန်ကုန်မြို့တွင် အခြေစိုက်ကြ သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ အတွင်းကလည်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အစီအစဉ်ဖြင့် “ဧရာဝတီ”အမည်ရှိ ဒေသဆိုင်ရာ သတင်း ဂျာနယ် တစောင် ထွက်ရှိထားသည်။

Your Thoughts …
သန့်စင်ငြိမ်းချမ်း

သန့်စင်ငြိမ်းချမ်း

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ဂီတသမားများ မဲဆွယ်ခြင်း၊ ဦးအောင်သိန်းလင်းနဲ့ ပြောင်းဖူး

ဂီတသမားများ မဲဆွယ်ခြင်း၊ ဦးအောင်သိန်းလင်းနဲ့ ပြောင်းဖူး

သြစတြေးလျ ကလည်း ရွေးကောက်ပွဲလေ့လာရေး လာမည်

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate