Hot News ဂျာနယ်နှင့် အင်တာဗျူးတွင် လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီး ဦးမြင့်လှိုင်၏ ပြောကြားချက်များနှင့် ပတ် သက်ပြီး လွှတ်တော်အမတ်များက မကျေနပ်၍အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။ လတ်တလော၌ လွှတ်တော် အခွင့် အရေး ကော်မတီကို တိုင်ကြားထားသည်ဟုလည်း လွှတ်တော်အမတ်တဦးက ပြောသည်။ ဦးမြင့်လှိုင်က အင်တာဗျူးတွင် လက်ရှိ လွှတ်တော် အမတ်များသည် စာမတတ် ပေမတတ်များ ဖြစ်ကြောင်း ပြောဆိုချက်များ အပါအဝင် ဝေဖန် ပုတ်ခတ်မှုများစွာ ပြုလုပ် ခဲ့သည့် အပေါ် လွှတ်တော်အမတ်များက မကျေနပ်ကြကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။