လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေသည့် ကချင်ပြည်နယ်ရှိ စစ်ဘေး ဒုက္ခသည်များအတွက် ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့ ရောက်ရှိ အကူအညီ ပေးနေပြီ ဖြစ်ကြောင်း သိရသည်။ ကုလသမဂ္ဂ အကူအညီပေးရေး ခရီးစဉ်သည် ပြီးခဲ့သည့်ရက်ပိုင်းက စတင်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ဒုက္ခသည် ၁၀၀၀ ခန့် တလ စားသုံးနိုင်မည့် အစားအသောက်နှင့် အရေးပေါ်သုံး ပစ္စည်းများကို ကူညီနိုင်ခဲ့ သည် ဟု ကုလသမဂ္ဂ က ထုတ်ပြန်ထားသည်။ ယခု ခရီးစဉ်သည် ဒုတိယအကြိမ် ဖြစ်ပြီး ၂၀၁၁ ခု ဒီဇင်ဘာလအတွင်းက ပထမ အကြိမ် သွားရောက်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။